International News

ဟိုတယ်များအနေဖြင့် ဝန်ထမ်းများကိုကာကွယ်ရန် အကူအညီများမျှော်လင့်

Last Updated:

ရာနှင့်ချီသော ဟိုတယ်များအနေဖြင့် တရားဝင်ယာယီပိတ်ထားစဉ်အတောအတွင်း အလုပ်သမားများအားလျှော်ကြေးပေးရန်လူမှုဖူလုံရေးရုံး၏ နှိုးဆော်ချက်အပေါ် အလုပ်သမားများအားအကာအကွယ်ပေးနိုင်ရန် အစိုးရ၏ အရေးပေါ်အကူအညီများကို မျှော်လင့်လျှက်ရှိပါသည်။

ထိုင်းဟော်တယ်လုပ်ငန်းရှင်များအသင်းက ထိုင်းကုန်သည်ကြီးများအသင်းသို့ ကိုရိုနာဗိုင်းရပ်စ်၏ ပျံ့နှံ့မှုကြောင့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများအား အကူအညီပေးရန် စာတစ်စောင်ကို ယမန်နေ့က ပေးပို့ခဲ့ပါသည်။

အလုပ်သမားကာကွယ်စောင့်ရှောက်ရေး အက်ဉပဒေပုဒ်မအမှတ် (၇၅) အရ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်သည့် အခါ  အလုပ်သမားများအား ၎င်းတို့ လစာ၏ (၇၅%) ကို  ပေးရမည်ဖြစ်ပါသည်။ သို့ရာတွင် ခက်ခဲသော အချိန်များတွင် အခန်း ဌါးရမ်းမှုနှုန်းများ သိသိသာသာ ကျဆင်းသွားသည့်အခါ အများစုအနေဖြင့် ငွေကြေးပြတ်လပ်မှုများနှင့်ကြုံတွေ့ရပြီး  ၎င်းတို့၏ အလုပ်သမားများအားပေးချေရန် မတတ်နိုင်သောကြောင့် ထိုင်းခ ရီးသွားလုပ်ငန်းရှင်များ အနေဖြင့် အလုပ်သမားများအား ထောက်ပံ့ကူညီရန် အစီအမံများကို ပို၍တောင်းဆိုခဲ့ပါသည်။

လူမှုဖူလုံရေး အက်ဉပဒေ ပုဒ်မ(၇၉/၁) အရ မလွန်ဆန်နိုင်သော အကြောင်းကြောင့် စီးပွားရေးလုပ်ငန်းအားယာယီပိတ်ရပါက ယာယီမှတ်ပုံတင်ဖွင့်လှစ် ဆောင်ရွက် ရန် အစိုးရအား ထိုင်းခရီးသွားလုပ်ငန်းရှင်များအသင်းကတောင်းဆိုထားကြောင်းထိုင်းကုန်သည်ကြီးများအသင်း ဉက္ကဌ Kalin Sarasin က ပြောကြားခဲ့ပါသည်။ အကယ်၍ ယခု အစီအမံအား အစိုးရမှခွင့်ပြုပါက ရုံးအနေဖြင့်အလုပ်သမားများအားရက်ပေါင်း(၁၈၀)အတွက်လစာ၏(၅၀%)ကိုပေးချေနိုင်မည်ဖြစ်ပါသည်။

ယခုကိစ္စမှာ အသင်းချုပ်အတွက် အရေးကြီးကိစ္စဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အရေးပေါ် ဖြေရှင်းရေးဗဟိုသို့ ဟော်တယ် (၁၀၀) ခန့် ၎င်းတို့၏ လုပ်ငန်းများ ရပ်ဆိုင်းမည့် ကိစ္စရပ်အပေါ် အမြန်ဆုံးဖြေရှင်းပေးနိုင်ရေး ပန်ကြားစာတစ်စောင်ပေးပို့သွားမည်ဖြစ်ကြောင်း Mr.Kalin ကပြော ကြားခဲ့ပါသည်။

အနည်းဆုံးဗန်ကောက်ရှိဟော်တယ် (၂၇) လုံးနှင့် ဖူးခက်ရှိဟိုတယ် (၅၂) လုံးတို့မှာ လုပ်ငန်းရပ်ဆိုင်းမည့်စီမံချက်များတင်ပြထားကြောင်း၊ Mr. Kalin က တစ်ချို့ သောပြည်နယ်များရှိလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ ပြဿနာများ မရှိကြကြောင်း၊ အဆိုပါ ဧရိယာများတွင် ဟိုတယ် များပိတ်ပစ်ရန်တရားဝင်ရှင်းလင်းစွာ အမိန့်ပေးထားသောကြောင့် အလုပ်သမားများ အနေဖြင့် ပုဒ်မ(၇၉/၁)အရ အလိုအလျှောက်ဉပဒေ၏ အကာအကွယ်ကိုရရှိသည်ဟု ဆိုလိုခြင်း ကြောင့် ဖြစ်ပါသည်။

ခရီးသွားလာရေးနှင့်အားကစားဝန်ကြီး Phiphat Ratchakitprakarn က ထိုင်းခရီးသွားလုပ်ငန်းရှင်များအသင်းအနေဖြင့် တင်ပြမည့်စာအား တနင်္လာနေ့တွင် ခရီးသွားနှင့်အားကစား ဝန်ကြီးဌာနနှင့်အလုပ်သမားဝန်ကြီးဌာများသို့ တိုက်ရိုက်ပေးပို့ရန်နှင့် ခရီးသွားနှင့်အားကစား ဝန်ကြီးဌာနအနေဖြင့် ထပ်မံဆွေးနွေးမှုများ အတွက် ဖြန်ဖြေပေးသူအဖြစ် ဆောင်ရွက်သွား လိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post                                                               

 

Category: International News